Test Menu 5

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, February 2, 2014

စွန့်ဦးတီထွင်သူတို့ ပေါ်ထွက်မလာသည့် အကြောင်းအရင်း

မြန်မာပြည်တွင် စွန့်ဦးတီထွင်သူတို့ ပေါ်ထွက်မလာသည့် အကြောင်းအရင်း -
 မြန်မာပြည်မှာ Entrepreneur တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲ အချို့ ကို တင်ပြပေးလိုက် ရပါတယ်။ ကူညီထောက်ပံ့မည့်သူ မရှိခြင်း ကူညီထောက်ပံ့တယ်ဆိုတာ Entrepreneur များအတွက် မရှိမဖြစ်လို အပ်ပါတယ်။ တစ်နည်းပြောရင် ရင်းနှီးမြှုပ်နှံသူလို့လည်း နားလည်နိုင် ပါတယ်။ နိုင်ငံတကာမှာဆိုရင် Product တစ်ခုကောင်းကောင်း ထုတ်ဖို့ ရေး ဆွဲထားတဲ့ Project ကို ထုတ်ပြပြီး Private Investor ကိုပြရင်ပြမယ်။ သူမှမရလည်း အစိုးရ ဘဏ်တွေဆီ တိုက်ရိုက်သွားပြီး ရှင်းပြတဲ့အခါ အကြောင်းအချက်ခိုင်လုံ ရင် ငွေထုတ်ချေး ပါတယ်။ မြန်မာပြည်မှာလည်း မချေးဘူး မဟုတ်ဘူး။ ချေးပါတယ်။ အစိုးရဘဏ်မှ ငွေတိုးနဲ့ချေးနိုင်ပေမယ့် အဲ့ဒီလို ချေးနိုင်ဖို့ အတွက် အိမ်ဂရန် အပေါင်ထားတာတို့၊ ဟိုလူကပ်၊ ဒီလူကပ် လုပ်ရတာတို့၊ လမ်းကြောင်းရှာရတာတို့ အစရှိသဖြင့် အခက်အခဲ များစွာကြောင့် ကိုယ်တိုင်လည်း အရင်းမထုတ်နိုင်၊ အရင်းထုတ်နိုင် သူကိုလည်း ရှာမတွေ့ ၊ ဘယ်ကနေမှ လည်း ငွေချေး မရနဲ့ နောက်ဆုံးတော့ ဘာမှမလုပ်တော့ပဲ နေလိုက်ကြ ပါတယ်။ အကြံတူ နောက်လူ အသာစောင့်ခြင်း ရန်ကုန်မှာဆိုရင်ပေါ့။ ရပ်ကွက်တစ်ခုထဲမှာပဲ တစ်ယောက် အင်တာနက် ဆိုင်ဖွင့်တယ်။ တစ်နာရီ ၄၀၀ ကျပ်။ ဆိုင် အင်မတန် ဝင်ငွေကောင်း

တာတွေ့တောင် နောက်လူကလည်း မနီးမနားနေရာမှာ အင်တာနက်ဆိုင် လိုက်ဖွင့် တစ်နာရီ ၃၀၀ ကျပ်၊ အဲယားကွန်းအေးအေးဆက်ဆက်လေး လည်း ရှိတော့ ၃၀၀ တန်ဆိုင်ကို သွားကြလေရော။ Web Service ကုမ္မဏီတစ်ခု ဝဘ်ဆိုဒ် တစ်ခုကို ၁၀ သိန်းနဲ့လုပ်တယ်။ အရောင်း အဝယ်ဖြစ်၊ အောင်မြင်တာတွေ့တော့ Website တစ်ခု ၅ သိန်းနဲ့ အခြားသော ဝန်ဆောင်မှုပါ တွဲပေးလိုက်တယ်။ နယ်မြို့ လေးမှာ ဘိလိယက်ခုံဖွင့်တော့ လူလာများပြီး အောင်မြင်တယ်။ နောက်လူက အဲ့ဆိုင်လူစည်တာကြည့်ပြီး အဲယားကွန်းခန်း ဘိလိယက်ခုံဆိုပြီးတော့ ဖွင့်၊ အေးတဲ့နေရာကို လူပိုသွား။ ရွှေဇလပ် အမည်နဲ့ နေကြာစိ ထုတ်။ နောက်ကုမ္မဏီတစ်ခုက ငွေဇလပ် သို့မဟုတ်ရွှေဇလယ် အမည်နဲ့ နေကြာစိ ထုတ်။ အသံတူ ကြောင်းကွဲ လုပ်ပြီး ဈေးလည်း သက်သက်သာသာ လုပ်တော့ သူ ပိုအောင်မြင်တာပေါ့။ နောက်ဆုံးတော့ အကြံတူပေမယ့် နောက်လူက သာသာလို့ သွားပါတယ်။ သာရခြင်း အကြောင်းက ကနဦး တီထွင်ကြံစသူဟာ အိုင်ဒီယာ ဆက်မထုတ်နိုင်ခြင်း နဲ့ Investment ထပ်မထုတ်နိုင်ခြင်း နှစ်ခုပါ။ Idea ထပ်မထွက်တာကတော့ ကိုယ့်အပြစ်မို့ ပြောစရာမရှိပေမယ့် ၁၀ ယောက်စာ Customer အတွက်ပဲ ဝန်ဆောင်မှု ပေးနိုင်သူဟာ အယောက် ၁၀၀ အတွက် မစွမ်းသာသေးပါဘူး။ ဒီတော့ စွမ်းသာတဲ့ လုပ်ငန်းစုတစ်ဖွဲ့က ဆင်တူတွေ လိုက်လုပ်တော့ စွန့်ဦးတီထွင်သူဆိုတာ ပျောက်ခြင်း မလှပျောက်ကုန်၊မွဲကုန် ကြ ပါတယ်။ ခိုင်မာသင့်လျော်သော နည်းဥပဒေ မရှိခြင်း လုပ်တုန်းကတော့ အဖွဲ့နဲ့ သေချာ တိုင်ပင်ပြီး လုပ်ကြတယ်။ စိတ်ဝမ်းလည်း ကွဲကြရော၊ ပြဲကြရော လူတစ်လူ ငါတစ်မင်းဖြစ်တဲ့အခါ ငွေကြေး အရှုပ် အရှင်းတွေ၊ ထုတ်ကုန်အရှုပ်အရှင်းတွေ၊ အမည်အရှုပ်အရှင်းတွေ အားလုံး ရှင်းရတော့မယ်။ နည်းပဒေများစွာ ရှိပေမယ့် ငွေများသူဘက်က အမြဲနိုင် တဲ့ခေတ်ကို မကျော်လွှားနိုင်သေးတော့ စွန့်ဦးတီထွင်ဖို့ရာ ခက်ခဲ နေ ပါသေးတယ်။ မူပိုင်ခွင့် ပြဿနာ က အကြံတူခြင်း၊ ထောက်ပံ့သူ ရှိမရှိ ပြဿနာအပြင် နည်းဥပဒေ ခေါင်းစဉ်အောက်မှာလည်း အကြုံးဝင်ပါတယ်။ စာရေးဆရာ တစ်ယောက် သူ ကလောင်ထက်လို့ စာအုပ်ထုတ်မယ်ဆိုရင်တောင် အုပ်ရေ ၂၀၀၀ အတွက် သိန်း ၂၀။ ဒါကိုမတတ်နိုင်တော့ ထုတ်ဝေသူရှာ၊ ဒီလိုနဲ့ ဟိုရှာဒီရှာလုပ်ရင်း စာအုပ်သာ ထွက်သွားပေမယ့် အိင်္ကျီသစ်တစ်ထည် မရလိုက်ဘူး။ ထုတ်ကုန်ကောင်းကောင်း ရှိလို့ ကုမ္မဏီထောင်ချင်ပြီ မီဒီယာလား၊ ထုတ်ကုန်သွင်းကုန်လား၊ အစုအဖွဲ့လား ကုမ္မဏီမှတ်ပုံတင်ကြေး၊ အမည်ကြေး၊ ခွင့်ပြုချက်အမိန့် တစ်ဆင့်ပြီးတစ်ဆင့် ကုန်ကျစရိတ်ကလည်း များတော့ စွန့်ဦးတီထွင်သူတို့ ခေါင်းအစားမခံပဲ ထမင်းပဲ ဆက်စားကြ ပါတော့တယ်။ အစိုးရက Entrepreneur များကို မြေတောင်မြောက်ပေးတဲ့ ဥပဒေမျိုးတွေ ချမှတ် ပေးဖို့ လိုအပ်နေပါပြီ။ ပူးပေါင်းလုပ်ကိုင်မှု မရှိခြင်း သိပ်အဝေးကြီး ရှာတွေးနေစရာ မလိုပါဘူး။ အနီးအနား တိုင်ပြည်များ ကိုပဲ လေ့လာ ကြည့်နိုင်ပါတယ်။ Product တစ်ခုရဖို့အတွက် Unplug မဟုတ်တော့ပဲ Team Work ကောင်းကောင်း တစ်ခု Build လုပ်လို့ ပူးပေါင်း ဆောင်ရွက် သွားကြပါတယ်။ ငွေရှိရင် လုပ်ငန်းတစ်ခုစမယ်။ လိုအပ်တဲ့လူတွေကို ပိုက်ဆံပေးခန့်မယ်ဆိုတဲ့ ငွေရှိသူအချို့ ကြောင့် သူတို့ ကိုယ်တိုင်လည်း Entrepreneur ဖြစ်မသွားသလို သူတို့လက်အောက်မှာ လုပ်တဲ့ သူတွေကလည်း Entrepreneur ဖြစ်မသွားပါဘူး။ လုပ်ငန်းရှင်နဲ့ လုပ်သား ဆက်ဆံရေး level တစ်ခုသာ ဖြစ်သွားပြီး စိတ်ဝမ်းကွဲမှု များကြောင့် စွန့်ဦးတီထွင်မှုတွေ ပျောက်ဆုံး သွားပါတယ်။ အလုပ် တစ်ခုကို ရပြီဆိုရင်လည်း အဖွဲ့လိုက် ဝိုင်းလုပ်တာထပ် တစ်ယောက်တည်း လက်စွမ်းပြမယ်ဆိုတဲ့ အတွေးရှိသူ များကလည်း ခရီးပန်းတိုင်တစ်ခု ကို တော်တော်နဲ့ မရောက်ပါဘူး။ စည်းစည်းလုံးလုံး ပူးပေါင်း လုပ်ကိုင်မှု မရှိခြင်း ကလည်း Entrepreneur များကို ပျောက်ကွယ် စေပါတယ်။ စွန့်စားလိုစိတ် မရှိခြင်း ဒါကတော့ ကာယကံရှင်ကိုပဲ အပြစ်တင်လို့ မရပါဘူး။ မြန်မာပြည်မှာ က တော်ရုံငွေမရှိတဲ့အခြေအနေကနေ ချေးငွေယူလို့ စီးပွားဖြစ်အောင် ဖန်တီးမယ်ဆိုရင်တောင် အောင်မြင်ဖို့၊ ကျရှုံးဖို့က ၅၀:၅၀ ပါ။ အောင်မြင်ပြီး သား ကွန်ရက်တစ်ခုက အောင်မြင်ဖို့ ရည်ရွယ်ပြီး အခုမှ စတဲ့ Starter တွေ ကို သူတို့ Network ထဲ ပေးဝင်လိုစိတ် မရှိပါဘူး။ (အားလုံးကိုမဆိုလိုပါ) ဒီတော့ ကြိုးစားပန်းစားသာ မလုပ်ကိုင်ရင် ကြိမ်းသေ ကျရှုံးမှာပါ။ သို့ပေမယ့် ဒီနေရာမှာ ဘုရင့်နောင်ဖောင်နောက်ပြန်မလှည့် ကြိုးစားသူ အချို့ ကတော့ အောင်မြင် ပါတယ်။ အဓိကကတော့ စွန့်စား (Adventure) ချင်တဲ့ စိတ်ဓာတ်တစ်ခု ရှိနေဖို့ ဖြစ်ပါတယ်။ စိုးရိမ်စိတ်၊ ကြောက်စိတ်ကြီုးစိုးနေသေး ရင်တော့ ဘယ်တော့မှ လုပ်ငန်းရှင် ဖြစ်မလာပါဘူး။ အကြောင်းပြချက် တစ်ခုချင်းစီကို ဖတ်လို့ အားငယ်၊ စိတ်ပျက်နေမယ့်အစား တကယ် အောင်မြင်သော Entrepreneur ဖြစ်လိုသူ တစ်ယောက်က ဒီဘောင်အတွင်းကနေ ဘယ်လိုဖောက်ထွက်ကြိုးစားရမယ်ဆိုတာကို စဉ်းစားနေပါပြီ။ Entrepreneur များ မပေါ်ထွန်းအောင် တားဆီးတဲ့ အချက်များစွာ ရှိနေတာကို အုပ်ချုပ်ရေး နဲ့ ဥပဒေ ပြုရေးတို့က ပြင်ဆင်သတ်မှတ်ပေး မယ်၊ ပြီးတော့ Entrepreneur များကလည်း စွမ်းစွမ်းတမံ ကြိုးစားမယ် ဆိုရင်
 မြန်မာပြည်ရဲ့  ရွှေရောင်လင်းလက်တဲ့ အနာဂတ်က တကယ်မဝေးတော့ပါဘူး။ 

Credit By: ရိုးရာလေး Myanmar-Market-Economy

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ 2013 Test.